Tuesday, 6 November 2012

ဒုန်ဝေါ့ တိုက်ပွဲတွင် အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ

Last Updated on 06 November 2012 By KNG Hits: 1202

ရှမ်းပြည်မြောက်ပိုင်းရှိ  ဒုန်ဝေါ့ (Dung Waw) တွင်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှစ်ဖက်ဘက်မှ ကျရှုံးမှုများရှိခဲ့သည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက် တွင် အစိုးရတပ်ဖွဲ့နှင့် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ ၅ တို့ ပန်ဆိုင်း တိုက်နယ် ဒုန်ဝေါ့ (Dung Waw) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားချိန် အစိုးရတပ်ဖက်မှ ၈ ဦးကျဆုံးခဲ့ရာတွင် ဗိုလ်ကြီးအဆင့် တစ်ဦးလည်းပါကြောင်း ပန်ဆိုင်းမှ KIA ဗိုလ် ဇော်ဆိုင်းကပြောသည်။
၎င်းတွင် KIA ဖက်မှလည်း ဒု-တပ်ကြပ် စင်ယူလဆန် (Tsin-yu La San) နှင့် မောင်ဂွန်နော် (Gun Naw) ကျဆုံးသွားကြောင်း ဗိုလ် ဇော်ဆိုင်းပြောသည်။  ဒု-တပ်ကြပ် လဆန်သည် မောင်ဂွန်နော်ကို သွားရောက်ကယ်ယူရန်ကြိုးစားနေချိန် သေနတ်ကျည် ထိမှန်ကာ ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရတပ်ပေါင်းစုတွင် ခလရ ၆၉၊ ၁၃၂ နှင့် ၁၂၅ တပ်ဖွဲ့များဖြစ်ပြီး မုန်ဘော် (Mungbaw) ပြည်သူ့စစ် (ဒု မွန်း အဖွဲ့) နှင့် ကွတ်ခိုင်ပြည်သူ့စစ်(ဦးတီ ခွန်းမြတ် အဖွဲ့) တို့ပါဝင်ကြောင်း သိရသည်။
အစိုးရ တပ်ပေါင်းစု တပ်ဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်ဆိုင်းသို့ ပြန်လည် ဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။

http://kachinnews.com/burmese/news/မှပြန်လည်ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment