Sunday, 11 November 2012

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး မရှိပါ


ဓာတ်ပုံ- asiarecipe.com
~ LATHA PHYOAUNG ~

  မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း 

နိဒါန်း 
၁ ။ 

“ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ 

လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန် မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ်။   
နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ်။ 
  
မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတ က 

။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ 

သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံး 
ရေး လုပ်ရတာ မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေ ထွက်လာ တာဖြစ်ပါတယ် ။ 

သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ်။ စစ် မဟာဗျူဟာ လေ့လာရေးနှင့် သုတေသနရုံးဟာ သူသိလိုတဲ့ အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ်။ 

သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန က ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ် မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းကို အခြေခံပြုစု ထားတဲ့ စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ 

အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်း ဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်း သား ဆရာ၊ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်းကောက်ယူသူ များကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်း သွင်းခဲ့ကြတာပါ ။ 

ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာ လို့ ရေး မှတ် သွားတာမျိုး ၊ ရွာနီးချုပ်စပ် နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။

[ ဆက်ဖတ်ရန် +/- ]  

လူမျိုးစု ၁၃၅-မျိုးက ဘယ်သူတွေလဲ  

၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစု တင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်း 
တွေ့ကြ ရမှာပါ။ 

• ၁- ကချင် 
• ၂- ကယား(ကရင်နီ) 
• ၃- ကယမ်း(ပဒေါင်) 
• ၄- ကရင်ဖြူ 
• ၅- ကလင်တော(လူရှေ) 
• ၆- ကော် 
• ၇- ကိုးကန့် 
• ၈- ကြီ 
• ၉- ခမီ 
• ၁၀- ခေါနိုး 
• ၁၁- ခေါင်းအိုင်ချင်း 
• ၁၂- ခန္တီးရှမ်း 
• ၁၃- ချင်း 
• ၁၄- ချောင်းသား 
• ၁၅- ခွါဆင်းမဲ 
• ၁၆- ခွန်လီ ခေါ်ဆင်းမ် 
• ၁၇- ဂဒူး 
• ၁၈- ဂဏန်း 
• ၁၉- ဂေခို 
• ၂၀- ဂေဘာ 
• ၂၁- ဂုံ (ခွန်ရှမ်း) 
• ၂၂- ဂျိန်ဖေါ့ 
• ၂၃- ဂွေးသဲ 
• ၂၄- စကောကရင် 
• ၂၅- စနော 
• ၂၆- စမူ 
• ၂၇- စုံ(သဲ) 
• ၂၈- ဆလိုင် 
• ၂၉- ဆလုံ 
• ၃၀- ဆင်ထန် 
• ၃၁- ဆိုင်ထန် 
• ၃၂- ဇယိန်း 
• ၃၃- ဇာထောင် 
• ၃၄- ဇိဖေ 
• ၃၅- ဇိထုံး 
• ၃၆- ဇို 
• ၃၇- ဇိင်ဝါး 
• ၃၈- ဇိန်ညှပ်(ဇန်နီယပ်) 
• ၃၉- ဇွန်း 
• ၄၀- တပေါင် 
• ၄၁- တလယ်ပွါ 
• ၄၂- တာဒိုး 
• ၄၃- တီးတိန် 
• ၄၄- တေဇန် 
• ၄၅- တောရ် 
• ၄၆- တောင်ရိုး 
• ၄၇- တိုင်ချွန်း 
• ၄၈- တိုင်းခန္တီး 
• ၄၉- တိုင်းဆာ (မိုင်းသာ) 
• ၅၀- တိုင်းလေ 
• ၅၁- တိုင်းလိုင် (တိုင်းလျန်) 
• ၅၂- တိုင်းလုံ 
• ၅၃- တိုင်းလွယ် 
• ၅၄- တန်ဒူး 
• ၅၅- ထမံ 
• ၅၆- ထားဝယ် 
• ၅၇- ဒင်မ် 
• ၅၈- ဒိုင် (ယင်ဒူး) 
• ၅၉- ဒိုင်းနက် 
• ၆၀- ဓနု 
• ၆၁- နာဂ 
• ၆၂- ပနမ်း 
 • ၆၃- ပရဲ (ဘရဲ) 
• ၆၄- ပလေဂီး 
• ၆၅- ပလေး 
• ၆၆- ပလောင် 
• ၆၇- ပသျှူး 
• ၆၈- ပအိုဝ့် (အီကော) 
• ၆၉- ပါကင်းမ် 
• ၇၀- ပိုးကရင် (အနောက်) 
• ၇၁- ပိုးကရင် (အရှေ့) 
• ၇၂- ဖိုပွါ 
• ၇၃- ဖုန် (ဖွန်) 
• ၇၄- ဖျင် 
• ၇၅- ဗမာ 
• ၇၆- ဘန်ဂဲ 
• ၇၇- ဘွဲ့ 
• ၇၈- မကန်း 
• ၇၉- မရူ 
• ၈၀- မနူမနော 
• ၈၁- မဟူ 
• ၈၂- မာရင် 
• ၈၃- မီရမ် (မရာ) 
• ၈၄- မီအဲ 
• ၈၅- မောရှမ်း 
• ၈၆- မော်နေပွါ 
• ၈၇- မိုယ့်ထိုင် (ကသဲ) 
• ၈၈- မြို 
• ၈၉- မြောင်ဇီး 
• ၉၀- မြိတ် 
• ၉၁- မွင်း 
• ၉၂- မွန် 
• ၉၃- ယော 
• ၉၄- ယင်းကြား 
• ၉၅- ယင်းတလဲ 
• ၉၆- ယင်းနက် 
• ၉၇- ယင်းဘော် 
• ၉၈- ယွန် (လာအို) 
• ၉၉- ရခိုင် 
• ၁၀၀- ရဘိန် 
• ၁၀၁- ရဝမ် 
• ၁၀၂- ရီရန် 
• ၁၀၃- ရောင်ထု 
• ၁၀၄- ရှမ်း 
 • ၁၀၅- ရှမ်းကလေး 
• ၁၀၆- ရှမ်းကြီး 
• ၁၀၇- ရှမ်းဗမာ 
• ၁၀၈- လရှီ 
• ၁၀၉- လာချိတ် 
• ၁၁၀- လားဟူ 
• ၁၁၁- လီစူး 
• ၁၁၂- လီရှော 
• ၁၁၃- လု 
• ၁၁၄- လူရှိုင်း (လူရှေ) 
• ၁၁၅- လေးမြို့
• ၁၁၆- လော်ဝေါ် 
• ၁၁၇- လောက်ထူ 
• ၁၁၈- လင်လဲ 
• ၁၁၉- လိုင် 
• ၁၂၀- လိုင်ဇို 
• ၁၂၁- လမ်း 
• ၁၂၂- လျင်းထု 
• ၁၂၃- လွယ်လ (ဝ) 
• ၁၂၄- သက် 
• ၁၂၅- ဟွားလ်ငို 
• ၁၂၆- အခါ 
• ၁၂၇- အဇီး 
• ၁၂၈- အနူး 
• ၁၂၉- အနန်း 
• ၁၃၀- အရှိုချင်း (မြေပြန့်) 
• ၁၃၁- အောဝခမီ 
• ၁၃၂- အူပူ 
• ၁၃၃- အိုက်ကွယ် 
• ၁၃၄- အင် 
• ၁၃၅- အင်းသား 

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်။ 

၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ်။ ကျနော် သိသလောက်ပြောရရင်တော့ 

(၁) ကချင် နှင့် (၂၂) ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ်။ 

နောက်ပြီး (၄၈) တိုင်းခန္တီးနှင့် (၁၂) ခန္တီးရှမ်း ၊ (၃၁) တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်းခေါ်သလို ရှမ်းနီ ဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ်။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ်။ 

ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေအများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ 

ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။ ပညာရှင်များခင်ဗျာ။

၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ၊ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင် 
တော့ ကြိုး စားကြစေလိုပါတယ်။ သိပ်ခက်ခဲမည့်ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ 

ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် 

“ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက်ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကို လည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ။ 

နိဂုံး 

၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည် လို လို ဖြစ်နေပါတယ် ။ နဝတ ဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင်များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ်။ 

ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊ သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန် လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်း 
လေးကိုပြန်လည် တည့်မတ်ပေးကြဖို့ စာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

 အားလုံးကို ကျေးဇူးတင်ပါတယ် ။ 

http://blog.irrawaddy.org/2012/11/blog-post_3321.html

0 comments:

Post a Comment