ပြည်တော်မြင့် ~
ရှမ်းပြည်နယ်တနေရာကို ဖြတ်သွားသော ရေနံ နှင့် ဓာတ်ငွေ့ပိုက် (ဓာတ်ပုံ - ဧရာဝတီ) |
ပိုက်လိုင်းအိပ်မက်ဆိုး
မဲဆောက်တွင်ပြုလုပ်သည့် TSYO သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ) |
ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပလောင်ဒေသများဖြစ်သည့် နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခန်း၊ မန်တုံ မြို့နယ်များတွင် ဒေသခံများ၏လယ်ယာနှင့် တောင်ယာမြေဧက ၂၀,၀၀၀ ကျော် အဓမ္မသိမ်းဆည်းခံရပြီး အချို့ နေရာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် လျော်ကြေးငွေ အနည်းအကျဉ်းသာ ပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ပိုက်လိုင်းဖြတ်သွားမည့် ပလောင်ဒေသ မြေပုံ |
ဒေသတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စက်တင်ဘာလ ၅ ရက်နေ့က နမ့်ခမ်းမြို့တွင် ကျောင်းမှ ပြန်လာသည့် ၁၃ နှစ်အရွယ် ကျောင်းသူတဦးကို တရုတ် အလုပ်သမား ၁၀ ဦးက အဓမ္မပြုကျင့်ခဲ့ရာ သေဆုံးသွားသော်လည်း ဒေသခံ အာဏာပိုင်များက တစုံတရာ အရေးယူခြင်းမရှိဘဲ သေဆုံးသူအတွက် ငွေကျပ် ၁၀ သိန်းကိုသာ ပေးအပ်ခဲ့သည့် အမှုတခု ဖြစ်ပွားခဲ့သည်ဟုလည်း TSYO အဖွဲ့ က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပိုက်လိုင်းကြောင့် ထိုသို့သော ဆိုးကျိုးများ ဖြစ်ပေါ်နေသော်လည်း အစိုးရက လာမည့်နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ၀င်ငွေရမည်ဟု ရေးထားသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို TSYO က မဲဆောက်နှင့် ဘန်ကောက်ရှိ နိုင်ငံခြား သတင်းထောက်များကလပ် FCCT တွင် တပြိုင်တည်း ကျင်းပခြင်းဖြစ်သည်။
http://blog.irrawaddy.org/2012/11/blog-post_6938.html
0 comments:
Post a Comment