Friday, 9 November 2012

ဆီတင် ရထားတိမ်းမှောက် ဓာတ်ဆီခတ်သူ နှစ်ဆယ်ကျော် မီးလောင် သေဆုံး

2012-11-09

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်း တိုက်နယ်၊ ချပ်ကြီးကျေးရွာ ဘူတာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက လောင်စာဆီတင် ရထားတစ်စီး တိမ်းမှောက်သွားပါတယ်။
Photo:RFA
နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီးတွင် တိမ်းမှောက်ခဲ့သည့် ဆီတင်ရထား
တိမ်းမှောက်သွားတဲ့ ဆီတင်ရထားပေါ်ကနေ လယ်ကွင်းတွေထဲကို ကျလာတဲ့ လောင်စာဆီတွေကို အနီးအနားက ရွာသားတွေ ခတ်ယူနေချိန်မှာ ရုတ်တရက် မီးထလောင်တဲ့အတွက် ဆီခတ်ယူနေတဲ့ ဒေသခံ ရွာသား (၂၅)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၊လူ (၇၀)ကျော်ဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ ကုသနေကြောင်းလည်း အကူအညီပေးနေတဲ့ ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ကိုမြင့်ကြည်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို RFA ကဆက်သွယ်မေးမြန်းရာမှာ မီးလောင်ကျွမ်းခံရသူတွေကို ကူညီဖို့ အစည်းအဝေးတစ်ရပ် ပြုလုပ်နေကြောင်း ပြန်လည် ဖြေကြားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမြင့်ကြည်ဦးကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/train-accident-11092012102902.html

0 comments:

Post a Comment