တုန့်ပြန်သူ အများစုကတော့ သူ့ကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၀င်ပါစေချင်ပုံမရပါဘူး။
တုန့်ပြန်သံတွေကို သူလည်း ကြားလိုက်ပုံပါပဲ။
ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့မှာ The Messenger ဂျာနယ်က သူ့ကို မေးမြန်းရာမှာ သူက သူဆိုလိုတဲ့ အမျိုးသားနိုင်ငံရေးအကြောင်း ရှင်းပြလိုက်ပါတယ်။
''အမျိုးသားနိုင်ငံရေး လုပ်မယ် ဆိုတာကို လျှောက်ဖွတာမျိုး မီဒီယာတွေက ရေးကြတယ်။ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး - ပါတီနိုင်ငံရေး မလုပ်ဘူးလေ။
နိုင်ငံရေးသမားတွေကလည်း ကျွန်တော် နိုင်ငံရေးလုပ်မှာ သိပ်ကြောက်နေကြသလား မသိဘူး။ အခုလည်း အမျိုးသားနိုင်ငံရေး လုပ်နေတာပါ။
အဓိပ္ပာယ်ကို ဘယ်လိုယူဆကြလဲ။ ကျွန်တော် လူမှုရေး ဘာသာရေးတွေပဲ လုပ်မယ်။ ကျန်တာမလုပ်ဘူး'' လို့ ဦးခင်ညွန့်က The Messenger ဂျာနယ်ကို ပြောပါတယ်။
လူမှုရေး ဘာသာရေးတွေပဲ လုပ်ဆောင်နေတဲ့ အမျိုးသားနိုင်ငံရေးသမား ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတာ တနှစ် ပြည့်ပါတော့မယ်။
ဦးခင်ညွန့်က ၈ နှစ်လောက် အထိန်းသိမ်းခံခဲ့ရသူပါ။ အပြင်လူတွေ အသေးစိတ်သိဖို့ ခက်ခဲတဲ့ စစ်အစိုးရအဖွဲ့အတွင်း အားပြိုင်မှုတွေရဲ့အကျိုးဆက်အဖြစ် အထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ယူဆရပါတယ်။
တာဝန်ကနေ အနားမယူရခင်ကတော့ သူဟာ နိုင်ငံရေးသမားတွေကို အစွမ်းကုန် နှိပ်ကွပ်ခဲ့တဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကြီးကို အနှစ် ၂၀ ကျော် တာဝန်ယူ ညွှန်ကြားခဲ့သူ ဖြစ်ပါတယ်။
ဆက်စပ် -
ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို
http://blog.irrawaddy.org/2012/11/blog-post_4942.html
0 comments:
Post a Comment