"ဒီ(ကြက်ညာချောင်းဆိုး)ရောဂါက ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ်ပါတယ် ဒီရောဂါဟာ အလွန်မှ ကူးစက်လွယ်ပြီးတော့ လူအသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်” လို့ ကရင်နီ ကျန်းမာရေးဌာနမှ field coordinator ဆေးမှူး ဖိလစ်က ပြောပါတယ်။

အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-KnMHC)
ပယ်ခီးနဲ့ ပဟိုးကျေးရွာကနေ မော်ချီးကို ၃ နာရီကနေ ၅ နာရီအထိ လမ်းလျောက်ရတဲ့အတွက် မော်ချီးဆေးရုံမှာ လာရောက်ကုသဖို့ ခက်ခဲတဲ့အပြင် သူတို့ရွာနဲ့ ပိုနီးတဲ့ မော်ချီးအောက်ရွာက လိုခါးလို ဆေးရုံမှာလည်း ဆရာဝန်မရှိဘူးလို့ ဆိုပါတယ်။
မော်ချီးကနေလမ်းလျောက်သွားရတဲ့ ကျေးရွာတို့မှာ ကရင်နီကျန်းမာရေး ဌာနမှ ဆေးလုပ်သားတစ်ဖွဲ့သာ သွားရောက်ကုသပေးနိုင်ပြီး လက်ရှိအခြေအနေမှာ ဆေးဝါးနဲ့ လုပ်သား မလုံလောက်တဲ့ အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ ဆေးမှူးဖိလစ်က ပြောပါတယ်။
"ကျနော်တို့ ထိထိရောက်ရောက် ကုသနိုင်ဖို့ အဓိက ဆေးဝါး လုံလုံလောက်လောက် ရှိရမယ် ပြီးတော့ ဆေးလုပ်သားတွေလဲ ရှိရမယ် နောက်ပြီးတော့ ကူးစက်နိုင်တာဖြစ်တဲ့အတွက် ဒီလူနာတွေ သီးသန့်ထားပြီး စားဖို့နေဖို့ အဆောက်အဦးတွေလဲ ရှိရပါမယ်"
ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးရှိပေမဲ့ လက်လှမ်းမှီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးနိုင်တဲ့အတွက် အခုလို အဖြစ်များပြီး ကာကွယ်ဆေး အသုံးမပြုနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။
အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရောဂါဖြစ်နေတဲ့လူနာနဲ့ သီးသန့်ထားခြင်းအားဖြင့် ကူးစက်မှုကို အတိုင်းတာ တခုအထိ ကာကွယ်ပြီးသား ဖြစ်တယ်လို့လဲ သူက ဆက်ပြောပါတယ်။
မော်ချီးဒေသက ကျေးရွာသားများဟာ အဓိက တောင်ယာစပါး စိုက်ပျိုးကြပြီး ယခုအချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စုဝေးပြီး ပညာပေးရေး လုပ်ဖို့ ခက်ခဲတဲ့အပြင် မိဘတွေအနေနဲ့လည်း မိမိတို့ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အချိန်တွေပေးဖို့ ပိုနည်းပါးနေတာ ဖြစ်တယ်လို့လဲ သိရပါတယ်။
0 comments:
Post a Comment