Post 16 October 2012 Last Updated on 16 October 2012 By KNG Hits:
မိသားစုများ ထမင်းစားနေကြချိန် ကလေးငယ်ဘောမ်ဆောင် (Bawm Sau) ဆိုသူအား ညာဘက် ပေါင်တွင်နှင့် လက်တွင်ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုချိန် ၎င်းကလေးငယ်အား တရုတ်ပြည်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မှတ်တိုင် (၆) တွင်ခိုလှုံသူတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“ညာဘက်ကပေါင် ကျိုးသွားတယ်ထင်တယ် သွေးတွေနဲ့ တွဲလောင်းကျသွားတယ်။ ဘယ်လက်တွေမှာလည်း ထိသွားတယ်။”
မြန်မာအစိုးရတပ် ခလရ (၇၇) သည် မှတ်တိုင် (၆) မှ တစ်နာရီကျော်သွားရသည့် အစိုးရတပ်စခန်းသို့ အင်အား ၅၀ ကျော်နှင့် ခြေလျင်ဖြင့် ရိက္ခာလာပို့ချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ပေါင်းစုံ တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။
“၂ နာရီကနေ စပစ်ကြတယ်။ သူတို့ဘက်က ၁ ဦးကျသွားတယ်။ ကျနော်တို့ဘက်က ဘာမှ မဖြစ်ဘူး။ ပစ်ခတ်တိုက်ခိုက်တာက သိပ်မကြာဘူး။ သူတို့ဘက်က ရမ်းတန်းပစ်နေတာ။ ညနေ ၄ နာရီထိဟုတ်တယ်။”
၎င်းမြန်မာအစိုးရတပ်စခန်းသည် တောင်ထိပ်ကျောက်ဆောင်တွင် ဖြစ်သောကြောင့် သောက်သုံးရေ ခက်ခဲသော နေရာဖြစ်ကြောင်းသိရသည်။
ထိုသို့ နှစ်ဖက်တပ်မှ ပစ်ခက်ကြရာ အစိုးရဘက်မှ ၁ ဦး ကျဆုံးခဲ့ကြောင်း ၎င်းအစိုးရတပ်သည် ဒုက္ခသည် စခန်းများသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်တွေ တရုတ်ဘက်မှအရာရှိများ ၎င်းဒုက္ခသည် စခန်းသို့ လာရောက်ကြည့်ရှူ့ခဲ့သည်။
နယ်နိမိတ် မှတ်တိုင် (၆) ဒုက္ခသည်စခန်းသည် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲကြောင့် ချီဖွေမြို့နယ်ရှိ ဖရဲကျေးရွာမှ ထွက်ပြေးရောက်ရှိလာသော ပန်ဝါမြို့နယ်ခွဲ တရုတ်နယ်စပ်ဖက်ခြမ်းရှိ ဒုက္ခသည်စခန်းဖြစ်သည်။
ထိုမှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၇၀ ကျော် ရှိကြောင်းသိရသည်။ ၎င်းဒုက္ခသည် စခန်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ရာသီဥတု အေးသောနယ်မြေဖြစ်သောကြောင့် ဒုက္ခသည်များ အအေးဒဏ်များခံနေရပြီး အစားအသောက်အခက်အခဲ ရင်ဆိုင်နေရကြောင်းသိရသည်။
http://kachinnews.com/burmese မှပြန်လည်ကူးယူဖေါ်ပြသည်၊၊
0 comments:
Post a Comment