Sunday, 21 October 2012

မြန်မာအစိုးရနှင့် ပြည်သူအကျိုးမရှိပါက ကြေးနီစီမံကိန်း တရုတ်မထောက်ခံဟုဆို




ဒေသခံပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသော မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြန်မာအစိုးရနှင့် ပြည်သူများ အတွက် အကျိုးမရှိပါက ယင်းစီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ထောက်ခံသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက သတင်းထုတ်ပြန်သည်။

စီမံကိန်း၏အကြောင်းအရာများ ဆက်လက်မေးမြန်းလိုပါကလည်း တရုတ်သံရုံးက မီဒီယာများကို အကူအညီပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြန်မာ့စီပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်တွင် တည်ရှိကာ ယင်းကြေးနီစီမံကိန်းအတွက် မြေယာဧက ၇၈၀၀ ကျော် သိမ်းဆည်းပြီး ရွာပေါင်း ၂၆ ရွာ ရွှေ့ပြောင်းခဲ့ရသည့်အတွက် ဒေသခံများက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

The Voice Journal 

0 comments:

Post a Comment