ကရင်နီ(ကယား)ပြည်နယ်
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ပြည်နယ်ရုံးမှာ
လွိုင်ကော်မြို့မှာ အခုရက်ပိုင်းအတွင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်တွေ
လာရောက်လျှောက်ထားတဲ့ သူတွေ အလုယှက် လာရောက် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
“အခု ဖမ်းခိုင်းတာကတော့ ဝန်းကြီးချုပ်ကိုယ်တိုင်က ဖမ်းခိုင်းနေတယ်။ သူတို့ ရုံးကဖမ်းခိုင်းတာမဟုတ်ဘူး။ တချို့ လူထုတွေက သူတို့ ဖမ်းခိုင်းတယ်လို့ ထင်မှားနေကြတယ်။”
ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ဖို့လျှောက်ထား သူတွေအတွက် နေ့စဉ်နှင့်အမျှ သင်တန်းပို့ချပေးနေတဲ့ ဝန်ထမ်းတဦးက သင်တန်းပို့ချနေစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အခု ဆိုင်ကယ်ယာဉ် မောင်းလိုင်စင်တွေကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲတွေဘက်က သူတွေလည်း လွိုင်ကော်မြို့တွင် လာရောက်ပြုလုပ်ကြလို့ လူတွေပိုများလာတယ်လို့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ယာဉ်မောင်းလိုင်စင် ပြုလုပ်နေစဉ်အတောအတွင်းမှာ ယာဉ်မောင်းလိုင်စင် မရှိ၍ လိုင်စင်ပြုလုပ်ရန် လျှောက်ထားဆဲဖြစ်သည့် လွိုင်ကော်မြို့နယ်မှ ဒေသခံတဦးက လမ်းတွင် ယာဉ်ထိန်းရဲစစ်ဆေးရာတွင် ဒဏ်ငွေတပ်ခံရသေးလို့ ပြောပါတယ်။
"အခုက ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ကို သူတို့ လုပ်ပေးတယ် လုပ်လို့ တစ်ရက်ထဲ နဲ့ ပြီးအောင် မလုပ်ပေးနိုင်ဘူး လူတွေ အရမ်းများနေတော့ သူတို့ကနောက်ရက်ပြန်ချိန်းတယ် နောက် ယဉ်ထိန်းရဲတွေက လမ်းမှာစောင့်ဖမ်းတယ် ရက်ချိန်းရှိလို့ ပြန်သွားယူပြောတာလဲ မရဘူး ဆိုင်ကယ်ကို သူတို့ ၅ ရက် ချုပ်ထားပြီးတော့ ဒဏ်ငွေ ၂ သောင်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်"လို့ ပြောပါတယ်။
တချို့သော ယာဉ်ထိန်းရဲတွေကနေပြီး ယာဉ်စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်ဆောင်တာတွေ ရှိပါတယ်။

ဆိုင်ကယ်လိုင်စင်တွေကိုလမ်းမှာစစ်ဆေးဖို့ စောင့်နေတဲ့ ရဲတွေမြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
http://www.ktimes.org/index.php/news/348-2012-10-19-09-16-44
0 comments:
Post a Comment