
တူရကီနိုင်ငံထဲရှိ ရွာတစ်ရွာတွင် ခင်ပွန်းကအလုပ်ကိစ္စဖြင့် တခြားမြို့သို့သွားရောက်စဉ် ရှစ်လတာ ကာလအတွင်း အသက်(၃၅)နှစ်အရွယ် မိမိ၏ဆွေမျိုးတော်စပ်သူက မိမိအားခြိမ်ခြောက်ပြီး အကြိမ်ကြိမ် မတရာပြုကျင့်ခဲ့တာခြင်းကို တုန့်ပြန်သောအားဖြင့် ထိုသူအား အဓမ္မပြုကျင့်ခံခဲ့ရသည့် အသက်(၂၆)နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးက သေနတ်ဖြင့်ပစ် ၊ ဓါးဖြင့်ထိုး ၊ လည်လှီးဖြတ်ခဲ့ကာ ရွာထဲချိတ်ဆွဲပြခဲ့ကြောင်း သိရသည်။
ထိုအမျိုးသားက သူမအိပ်ခန်းအတွင်း ခိုးဝင်ခဲ့ပြီး သူမ၏ မလုံ့တလုံပုံများကိုပြ၍ သူမကို ခြိမ်းခြောက်ခဲ့ကြောင်း ၊ သူမ၏ နှစ်နှစ်အရွယ်နှင့် (၆)နှစ်အရွယ် ရင်သွေးများအား ၎င်းနှင့် အလိုတူအလိုပါ မပြုကျင့်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၊ ထို့နောက် သူမအား အကြိမ်ကြိမ် အဖန်ဖန် သူမယောက်ျား မရှိသော ကာလအတွင်း မတရားပြုကျင့်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ(၂၈)ရက်နေ့မှာတော့ အိမ်အုတ်တံတိုင်းကို ခွကျော်ခိုးဝင်ဖို့ ကြိုးစားနေသော ထိုအမျိုးသားအား သူမက သေနတ်ဖြင့် ဆယ်ချက်ပစ်ခတ်ခဲ့ပြီး ဓါးဖြင့် တစ်ချက်ထိုးခဲ့ကာ ထိုသူ၏ခေါင်းကိုဖြတ်၍ ရွာထဲတွင် ချိတ်ဆွဲ ပြသထားခဲ့ကြောင်းသိရသည်။
ဒါ့အပြင်သူမက သူမအားစူးစမ်း ကြည့်ရှုကြသည့်သူများအား သူမ၏ဂုဏ်ကို မစော်ကားဖို့နှင့် သူမ၏နောက်ကွယ်တွင် မပြောဆိုကြဖို့ ၊ သူမ၏ဂုဏ်ကို လာစော်ကားသူ၏ ဦးခေါင်းဟာ ဒီမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
by ဧဒင်အချစ်ပုံပြင်
Views: 144
0 comments:
Post a Comment