Saturday, 8 September 2012

အပျင်းပြေလေးရယ်ကြရအောင်



ဘာကွ
ကောင်လေး။ ။ကျွန်တော် ဦးသမီးကို လက်ထက်ချင်လို့ ပါ ခင်ဗျ ... ။
မိန်းကလေးဖခင်။ ။မင်းငါ့မိန်းမနဲ့  တွေ့ ပြီးပြီလား ... ။
ကောင်လေး။ ။ဟုတ်ကဲ့ ... တွေ့ ပြီးပါပြီ ၊ဒါပေမယ့် ဦးသမီးကိုပဲ ပိုကြိုက်ပါတယ် ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
လူထွက်မယ်
ဒကာမတစ်ယောက်သည် ဘုန်းကြီးကျောင်းသို့ လာရာ ...
ဘုန်းကြီး။ ။ဟဲ့ ... ဒကာမ ဘာဖြစ်လို့ လာသတုန်း ... ။
ဒကာမ။ ။အရှင်ဘုရား လူထွက်မယ်လို့ ကြားလို့ ပါ ဘုရား ... ။
ဘုန်းကြီး။ ။ဟာ …ဘုန်းကြီးလူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ ... ၊တစ်နေ့ ကလာအပ်တဲ့ ကလေးနှစ်ယောက်က ဘယ်သူမွေးထားတဲ့ ကလေးတုံးဟ ... ။
ဒကာမ။ ။တပည့်တော်မက မွေးတာပါဘုရား ... ။
ဘုန်းကြီး။ ။အိမ်း ... တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက်သပ ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အချစ်ဆုံး
မိန်းမ။ ။ရှင်က ကျွန်မထက် အရက်ကိုပိုချစ်တယ်ပေါ့လေ ... ၊ပြောစမ်း ... ။
ယောကျာင်္း။ ။မိန်းမရယ် မင်းကိုတစ်ရက်မှာ၂၄နာရီလုံးချစ်တာပါ ... ၊အရက်ကိုတော့ တစ်နေ့ မှ တစ်ပုလင်းထဲ ချစ်တာပါ ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အခေါ်အဝေါ်
ဆရာမ။ ။ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်မသိ ၊မဝင်စားမှန်းမသိဘဲ စကားတွေ စွတ်ပြောနေတဲ့ သူမျိုးကို ဘယ်လိုခေါ်လဲကွဲ့ ... ။
ကျောင်းသား။ ။“ ဆရာမ ”လို့ ခေါ်ပါတယ် ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ဝေးလို့ 
ဆရာမ။ ။မနက်ဖြန် လကမ္ဘာအကြောင်း လေ့လာကြမယ်၊ ကျောင်းမပျက်ကြနဲ့ နော် ... ။
ကျောင်းသား။ ။ဆရာမ သားမလာနိုင်ဘူး ထင်တယ် ... ။
ဆရာမ။ ။ဘာဖြစ်လို့ လဲသားရဲ့ ... ။
ကျောင်းသား။ ။သားမေမေက အဲ့လောက်ဝေးဝေး လွှတ်မယ် မထင်လို့ ပါဆရာမ ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အိပ်ပျော်နေလို့ ပါ
ဆရာမ။ ။ငါ့တို့ ကျောင်းကို စည်းကမ်းမရှိဘူးလို့ သူများတွေဝေဖန်မှပဲ သိရတယ် ... ။ငါ့ကိုဘာ လို့ မပြောတာလဲ ... ။
စာရေး။ ။ဆရာမက ရေခဲချောင်းရောင်းရင်း အိပ်ပျော်နေတော့ နိုးရမှာ အားနာလို့ ပါ ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ကူညီပေးပါ
ရဲစခန်းတစ်ခုသို့ ဖုန်းဝင်လာသည်။
စခန်းမှူး။ ။ဘာအကူအညီပေးရမလဲ ခင်ဗျာ ... ။
တစ်ဘက်မှ။ ။အခန်းထဲကို ကြောင်တစ်ကောင် ဝင်လာလို့ ပါ ... ။
စခန်းမှူး။ ။ဒီလိုအသေးအဖွဲ့ လေးနဲ့ အနှောက်အယှက်မပေးပါနဲ့ ... ၊ဒါနဲ့ ခင်ဗျားကဘယ်သူလဲ ... ။
တစ်ဘက်မှ။ ။ကျွန်တော် ကြက်တူရွေးပါ ... ။
စခန်းမှူး။ ။“ ဟိုက် ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ဘာလို့ 
မြေး။ ။အဖွား ... ကမ္ဘာကြီးက ဘာလို့ လည်နေတာလဲ ... ။
အဖွား။ ။ခွေးကောင်လေး ... ၊နင့်အဖေရဲ့ အရက်တွေ ခိုးသောက်လာပြန်ပြီ ထင်တယ် ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ချစ်ပုံက
ရုပ်ရှင်ရုံထဲတွင် အတွဲတစ်တွဲ ထိုင်နေသည်။ ကောင်လေးက ကောင်မလေးအနားနားကပ်ပြီး တိုးတိုးလေးမေးတယ်။
ကောင်လေး။ ။“ ချစ် ”ကောင်းကောင်း မြင်ရရဲ့လားဟင် …၊ကောင်းကောင်းကော ကြားရရဲ့လား ...၊ထိုင်ရတာ သက်သောင့်သက်သာ ရှိရဲ့လား ... ။
ကောင်မလေး။ ။သက်သောင့်သက်သာ ရှိပါတယ် “ မောင် ”။
ကောင်လေး။ ။ဟာ … ဒါဆိုနေရာချင်း လဲထိုင်ကြရအောင်နော် “ ချစ် ”။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အတွေး
ရထားအိပ်ခန်းထဲတွင် အမျူိးသားနဲ့ အမျိုးသမီး နှစ်ဦးထဲ လိုက်ပါလာသည်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စိုက်ကြည့်ရင်း ...
အမျိုးသမီး။ ။ရှင်အခု ဘာတွေ တွေးနေတာလဲဟင် ... ။
အမျိုးသား။ ။ခင်ဗျားတွေးတဲ့အတိုင်း ကျွန်တော်လည်း တွေးနေတာဗျ ... ။
အမျိုးသမီး။ ။ဘာ ... ! ရှင်တော်တော် ညစ်ပတ်ပါလား ... ။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
မီးအိမ်ရှင်
ငါ့ဘဝရဲ့ မီးအိမ်ရှင်ပါ ~~~ ငါ့ဘဝရဲ့ ဖယောင်းတိုင် ရှင်လေးပါ ~~~ ငါ့ဘဝရဲ့ အင်ဗာတာ ~~~ ငါ့ဘဝရဲ့ ဘထ္တီအိုး ~~~ နင်ဟာ ~~~ ဓါတ်မီးလေးပါ ~~~ ( ဟု ... ဟု ) XP
☻☻☻☻☻☻☻☻☻☻☻☻☻☻☻
♥ ပျော်ရွှင်ချမ်းမြေ့ပါစေ ♥

0 comments:

Post a Comment